ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ------
ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ ------
“ဒို့နိုင်ငံအနေနဲ့ နိုင်ငံရေးစနစ်အရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံစနစ်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ခိုင်မာစေရေးကို ဦးတည်လျှောက်လှမ်းနေတာပဲဖြစ်တယ်။ ဖက်ဒရယ်စနစ်ဆိုတာ လူပုဂ္ဂိုလ်၊ လူမျိုးအတွက် ရည်ညွှန်းတာမဟုတ်ဘဲ ဒေသတစ်ခု၊ နယ်မြေတစ်ခုအပေါ် ရည်ညွှန်းဆောင်ရွက်ရတာဖြစ်တယ်။ ဒို့နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ကျင့်သုံးရာမှာလည်း ဖြတ်သန်းခဲ့ရတဲ့ သမိုင်းအဆက်ဆက်ရဲ့ အတွေ့အကြုံတွေအရ မိမိတို့နိုင်ငံ နဲ့ကိုက်ညီတဲ့ ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးသွားမှာဖြစ်တယ်။” (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းကောက်နုတ်ချက် (၂၇-၃-၂၀၂၆)
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် အလွန်ပင်အရေးကြီးလှပါသည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်ဆူပူမှုများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသည် ပြည်ထောင်စုအတွင်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးမှာ အလွန်အရေးကြီးလှပါသည်။ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေဖြင့်လည်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ ပြည်နယ်သူပြည်နယ်သားများ၏အကျိုး စီးပွားနှင့် နိုင်ငံနှင့် ပြည်သူအားလုံးတို့၏ ကောင်းကျိုးကို ထမ်းဆောင်နိုင်သူများဖြစ်ကြပါစေကြောင်း တိုက်တွန်းမှာကြားလိုပါကြောင်း” (၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက် (၁၉-၃-၂၀၂၆)
“ကမ္ဘာပေါ်တွင် အုပ်ချုပ်မှုစနစ်အမျိုးမျိုးရှိပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကျင့်သုံးမှုများ ကွဲပြားကြသည်ကိုတွေ့ရကြောင်း၊ ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ၊ တစ်ပါတီတည်းကသာ ဦးဆောင်ဆောင်ရွက်သည့်နိုင်ငံများ၊ အင်အားကြီးနှစ်ပါတီမှ ဦးဆောင်ဆောင်ရွက်သည့်နိုင်ငံများ စသည်ဖြင့် ကျင့်သုံးမှုအမျိုးမျိုးကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်သူများမှလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာတွင် လူပုဂ္ဂိုလ် ၊ လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကို အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သတိချပ်ကြစေလိုကြောင်း”
မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖွင့်ပွဲအခမ်းအနားကောက်နုတ်ချက် (၁၃-၃-၂၀၂၆)